စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့တွင် အလွတ်တန်းဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်နှင့် ဒီဇင်ဘာလ အားကစားပွဲတော် အမျိုးသား/ အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၅-၁၂-၂၀၂၄ ရက်နေ့ ညနေ ၂ နာရီ အချိန်က စတင်ကာ မြို့နယ်အားကစားကွင်၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၁/၂၀၂၄) အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၁/၂၀၂၄) အစည်းအဝေးကို ဒီဇင်ဘာလ ၆ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အီလက်ထရောနစ်မဲပေးစက်(MEVM) သရုပ်ပြရှင်းလင်းခြင်းအခမ်းအနား တက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း‌ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၈/၂၀၂၄) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်၌ ‌၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေးကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက ရွှေကျွန်းမြေဘောလုံးကွင်း၌ ကျင်းပသည်။

ခန္တီးမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ခန္တီးမြို့နယ်အတွင်းရှိ ကျောင်းများဖြစ်သည့် အ.ထ.က(ခန္တီး)၊ အ.ထ.က(ဆင်သေ)၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က(ခွဲ)နားမေတ္တာ၊ အ.လ.က(ဇီးဖြူကုန်း)ကျောင်းများမှ Grade-9 (၁၀)ဦး၊ Grade-10 (၄)ဦး၊ Grade-11 (၃)ဦး၊ Grade-12 (၄)ဦးစုစုပေါင်း ကျောင်းသား/သူ(၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ရွှေဘိုမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၆/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယ​မန်နေ့နံနက် ၁၀ နာရီက ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ဆရာ/ဆရာမများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်တန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။

မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ဖြေဆိုလျက်ရှိ

မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပလျက်ရှိရာ အခြေခံပညာကျောင်းများမှ Grade -9 မှ Grade-12 အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်း Home Garden စိုက်ပျိုးနည်းပညာပေးပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ စားရေရိက္ခာဖူလုံရေးနှင့် လတ်ဆပ်ပြီး ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပြည်သူများကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း Home Gardenတွင် စိုက်ပျိုးထားသည့် ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းစိုက်ပျိုးနည်း ပညာပေးပြပွဲအား ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး