စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်

အမှတ် (၁၇) ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း)၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း) မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ (၂) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်း များဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပေးဝေမည်ဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ဧက ၂၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပေးဝေရန်စီစဥ်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း အပတ်စဉ် (၁) ဖွင့်ပွဲကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း Postgraduate Diploma in Education (PGDip.Ed) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၂၉) ရက်၊ နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ခန္တီးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယမန်နေ့က၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.မ.က(၅)အောင်သာ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး