စစ်ကိုင်းမြို့နယ်၌ ဆောင်းမြေပဲ ဧက (၁၃၀၀၀)ကျော် စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းမြေပဲ ဧက (၁၃၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။