စစ်ကိုင်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ပို့ချ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။