စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုစွမ်းရည်မြင့်မားရေး၊ နှီးနှောဖလှယ်ခြင်း၊ အသိပညာအတတ်ပညာများ မျှဝေခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကျွန်းလှ၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ ENGLISH GRAMMAR /SPEAKING သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ENGLISH GRAMMAR/SPEAKING သင်တန်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခမဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေး နှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မုံရွာပညာရေးဒီဂရီကော်လိပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း (Dip.EP) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မုံရွာပညာရေးဒီဂရီကော်လိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ မများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့တွင် ထိခိုက်လွယ်အုပ်စုဝင်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ စစ်ကိုင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများတွင် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သော အသက်(၇၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများအား ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ပေါ်ရှိ ဆင်များရှင်ဘုရား၊ ပိုးတန်းဓမ္မာရုံ၊ မြို့သစ်တိုက်တန်းဓမ္မာရုံ၊ ဇေယျာဓမ္မာရုံ၊ တိုက်ဝါကြီးကျောင်းနှင့် ရွှေမင်းဝံဓမ္မာရုံတို့တွင်  ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ဆရာမများအား ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေး‌နွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်‌ပြောပြိုင်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ပန်းချီရေးဆွဲနည်းစနစ်များတိုးတက် ကောင်းမွန် လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရဲသည့်စိတ်ဓာတ်များ ရရှိစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့်‌ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စိတ်ကြိုက်ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြိုင်ပွဲ များကို ယမန်နေ့က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ နွေရာသီချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင်သီးနှံမျိုးစုံရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ပြိုင်ပွဲပြုလုပ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး