ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေး‌နွေးပွဲပြုလုပ်

ခန္တီး မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲအား လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စုများ စာအုပ်ဖြင့်ပြုလုပ်ရာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ရုံးစာရေးသားနည်းနှင့် စီမံခန့်ခွဲမှုဘာသာရပ်အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)