စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား စားသောက်ဖွယ်ရာပေးအပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားများကျင်းပ
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား စားသောက်ဖွယ်ရာပေးအပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အမှတ် ၄ ကုတင် ၃၀၀ ဆံ့၊ တပ်မတော်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သွေးလှူဒါန်းကြမည့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။