ဟုမ္မလင်းမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဟုမ္မလင်း ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက၊ ဟုမ္မလင်းခရိုင် စုပေါင်းရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်ဖိုး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးတို့က စိုက်ပျိုးပင်များအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး၊ သတ်မှတ်နေရာများတွင် ကျွန်းပင်(၃၀)​ပင်၊ ပျဥ်းကတိုး(၁၀၀)ပင်၊ မယ်ဇလီ(၇၀)ပင်၊ သပြေဘူတ(၅၀)ပင်၊ ခရေ(၅၀)ပင်၊ ကံကော်(၅၀)ပင်၊ စိန်ပန်း(၅၀)ပင် စုစုပေါင်း(၄၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)