စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။

ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဝန်ထမ်းများသတ်မှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းနှင့်တာဝန်များကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းကျွမ်းကျင်မှု အစဥ်တိုးတက်နေစေရန် ကြိုးစားခြင်းဖြင့် လုပ်ငန်းစွမ်းရည်တိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း​က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်များ တတိယအကြိမ် စုပေါင်းစိုက်ပျိုးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲအချိန်က ကသာမြို့ ကျန်တော‌ကျေးရွာအုပ်စု၊ ကျန်တော- သိမ်အင်းကားလမ်းပေါ်ရှိ လမ်းဘေး ဝဲ၊ ယာတို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ခန္တီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကိုင်တွယ်အသုံးပြုပုံများအားသိရှိစေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ စာရေးများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နာဂဒေသလဟယ်-ပုံညိုနယ်စပ်ကားလမ်း တောင်ကျချောင်းရေတိုက်စားမှုကြာင့် ပျက်စီးနေမှုကို စက်ယန္တယားဖြင့်ရှင်းလင်း‌‌

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-‌ဆော်လော်-ပုံညိုကြားရှိ ကားလမ်းများ တောင်ကျ ချောင်းရေတိုက်စားပြီး ကားလမ်းများ ရေတိုက်စားခြင်း၊ ကမ်းပါပြိုခြင်းနှင့် တံတားများ ပျက်စီးခြင်း ကြောင့် လဟယ်မြို့နယ်အတွက် အဓိကအခြေခံစာသောက်ကုန်များနှင့်စက်သုံးဆီများကို အိန္ဒိယနယ်စပ်လဟယ်-ဆော်လော်-ပိုညို နယ်စပ်လမ်းကတင်သွင်းခြင်း ခေတ္တခဏရပ်ဆိုင်းခဲ့ပါသည်။

လဟယ်မြို့တွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သောအခမ်း အနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု‌ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းလက်တွေ့သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊   အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး