ပေါက်ခေါင်းမြို့နယ်၌ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းလမ်းဖြင့် မျိုးကောင်း၊ မျိုးသန့် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများသည် မစိုးရိမ်ကျေးရွာအုပ်စု၊ ဆင်ဖြူကန်ကျေးရွာရှိ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းမြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။