ဖြူးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေး၍ အသိပညာပေး ဟောပြော
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ “တစ်မျိုးသားလုံး ကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဟောပြောပွဲများ ဆောင်ရွက်နေလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က အ.ထ.က(၃)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။