သဲကုန်းမြို့နယ်အတွင်းရှိ မဲရုံအဖြစ်ဆောင်ရွက်မည့်တည်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံတည်နေရာများ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။