ကဝမြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေး လက်ကမ်းစာစောင်ကို ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ပဲခူး-ကဝလမ်းမကြီးနှင့်၊ လူစည်ကားရာ လမ်းဆုံများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။