သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့်စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။