အုတ်ဖိုမြို့ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး

အုတ်ဖို ဒီဇင်ဘာ ၈      

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။       

မီးဘေးလုံခြုံစေရေးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီတာနှင့် ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှုရှိမရှိ၊ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုရှိမရှိ၊ ဈေးအတွင်းထားရှိသည့် မီးသတ်ရေစင်များ၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များအလွယ်တကူအသုံးပြု နိုင်ရေးနှင့် မီးချိတ်မီးကပ်၊ ရေပုံးများစီစဥ်ထားရှိမှု၊ ရေကန်များ ရေစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ထားရှိမှု စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးသူ၊ ဈေးသားများအား မီးသတ် ဆေးဘူးအသုံးပြုပုံပြသ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)