ပေါင်းတည်မြို့၌ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ ဘိုးဘွားရိပ်သာရေလှောင်ကန်များ ရေဖြည့်ခြင်း၊ သန့်စင်ခန်းများဆေးကြောခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ ဒေါ်ဦးဇွန်းတည်ထောင်ထားခဲ့သော ဘိုးဘွားရိပ်သာ၌ ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် ဘိုးဘွားရိပ်သာရေလှောင်ကန်များကို ရေဖြည့်ပေးခြင်း၊ အဘိုးအဘွားဆောင်များရှိ သန့်စင်ခန်းများကို မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်ရှင်းပေးခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။