ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၌ (၂၁၁၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူး အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ရှမ်းလူငယ်အသင်း(တောင်ငူ)မှ ဦးဆောင်ကာ (၂၁၁၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

လက်ပံတန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ခြောက်သွေ့သည့် ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိနေအိမ်များအား ယနေ့ နံနက်ပိုင်းက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ Vape ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ E- cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဆီထွက်သီးနှံဧက ၁၈၀၀၀ကျော် စိုက်ပျိုးအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံများကို ယနေ့အထိ ဧက ၁၈၆၀၁ ဧက စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်ရှိ တောင်ငူမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူးနေအိမ်၌ ဖွင့်လှစ်ထားသည့် အသင်းယာယီရုံးခန်းတွင် တောင်ငူမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပြည်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ စီမံကိန်း၊ ငွေစာရင်း) ဦးထွန်းထွန်းထွေးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများတွေ့ဆုံ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ နဝမအကြိမ်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း နဝမအကြိမ် ချေးငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ၁၃၈၆ ခုနှစ် (၈၀) ကြိမ်မြောက် မြန်မာနိုင်စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ် (၈၀) ကြိမ်မြောက် စာဆိုတော်နေ့အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့ နံနက်ပိုင်းက E- cigarette and Vape များရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် သတိပေး အသိပညာပေးခြင်းကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး