ပဲခူးတိုင်းဒေသကြီး

ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ဦးစွာ ယင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာယုဇနက  ဟောပြောပွဲနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားသည်။

ပေါင်းတည်၌ ငရုတ် ၄၁၈ ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် ပိဿာ ၆၀၀ ကျော် ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ငရုတ် ၄၁၈ ဧက စိုက်ပျိုးထားပြီး တစ်ဧကလျှင် ပိဿာချိန် ၆၀၀ ကျော်ထွက်ရှိကြကြောင်း နတ်ပုတီးကျေးရွာ သီးနှံရောင်းဝယ်ရေးကုန်စိမ်းဒိုင်များမှ သိရသည်။

ပေါင်းတည်ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၇ နာရီမှစ၍ အငြိမ်းစား၀န်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးကြ​သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လာရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်​ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာရှိ နွေစပါး ပထမသီးနှံ ဧက(၅၀၀) စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ  ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီအချိန်က ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။

ကဝမြို့နယ်တွင် ၂၀၂၄ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးငွေညွှန်ကြားချက်၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၃၈၀)ဧက စိုက်ပျိုးထားရှိပြီးစျေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၃၈၀)ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ CNG/ LPG Gas အသုံးပြုလုပ်ကိုင်သည့် လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဖြည့်တင်း/ သိုလှောင်/ သယ်ယူ/ ဖြန့်ဖြူး/ ရောင်းချခြင်းလုပ်ငန်းများအား ယမန့်နေ့ နေ့လယ်ပိုင်းက မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး