ရွှေတောင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရွှေတောင် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ CNG/ LPG Gas အသုံးပြုလုပ်ကိုင်သည့် လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဖြည့်တင်း/ သိုလှောင်/ သယ်ယူ/ ဖြန့်ဖြူး/ ရောင်းချခြင်းလုပ်ငန်းများအား ယမန့်နေ့ နေ့လယ်ပိုင်းက မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာသို့ ရွှေတောင်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူးထက်နိုင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ရွှေတောင်မြို့နယ်အတွင်းရှိ (Gas အသုံးပြုလုပ်ကိုင်သည့် အလုပ်ရုံ-စားသောက်ဆိုင်)များအား မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်း၊ စစ်ဆေးအကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေများအား ထပ်မံစစ်ဆေးပြီး လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)