ပဲခူးတိုင်းဒေသကြီး

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆို 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့်  ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ ရက် ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။ 

အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ကျင်းပသည့် နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 

ပေါင်းတည်၌ နွေစပါး ဧက နှစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးရန် လျာထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် နွေစပါးဧက ၂၆၀၁၀ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊ မိဘဘိုးဘွားများ အောက်မေ့ဖွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး စောလင်းအောင်နှင့်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ဒိုက်ဦးမြို့မစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး၊ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စျေးအတွင်းဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေငုတ်များ၊ အပေါ့စားမီးသတ်စက်များဖြင့် မီးငြိမ်းသတ်ရေးဆောင်ရွက်ထားရှိမှု၊ မီးချိတ်မီးကပ်များ၊ မီးသတ်ရေကန်များတွင် ရေဖြည့်တင်းထားရှိမှုများအား ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်း၊ ဒုဦးစီးမှူး(စျေး)နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းလွင်နှင့် အဖွဲ့ဝင်များမှ စစ်ဆေးခဲ့သည်။

ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားတုများတပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေး ကုသဆောင်၌ ဒီဇင်ဘာလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ(၁)ရက်နေ့အထိ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

လက်ပံတန်း၌ နွေစပါးစံပြကွက်စိုက် တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဂရံစံပြကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး