ဒိုက်ဦးမြို့မစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး၊ ဇာတ်တိုက်လေ့ကျင့်

ဒိုက်ဦး ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စျေးအတွင်းဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေငုတ်များ၊ အပေါ့စားမီးသတ်စက်များဖြင့် မီးငြိမ်းသတ်ရေးဆောင်ရွက်ထားရှိမှု၊ မီးချိတ်မီးကပ်များ၊ မီးသတ်ရေကန်များတွင် ရေဖြည့်တင်းထားရှိမှုများအား ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်း၊ ဒုဦးစီးမှူး(စျေး)နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းလွင်နှင့် အဖွဲ့ဝင်များမှ စစ်ဆေးခဲ့သည်။

ထို့နောက် မွန်းလွဲ ၃ နာရီအချိန်တွင် မြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို စျေးသူစျေးသားများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)