ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများထံ သွင်းအားစုများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာစည်းစိမ်တိုးစိုက်/ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်ပိုင်အိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည်။        

ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဖောင်တော်သီ)ကျောင်း အေးမြသီတာခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့၌ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး Biometric Data ကွင်းဆင်းကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် Biometric Data ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မင်းကွက်(၂)ရပ်ကွက်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာယာဝတီဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများ/အချုပ်သားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ညွှန်ကြားမှုဖြင့် သာယာဝတီမြို့နယ်၌ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံအုပ်ဦးဆောင်သော အထူးကုဆရာဝန်များသည် သာယာဝတီဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ/အချုပ်သားများအား ယနေ့နံနက် ၁၀ နာရီက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းကုသမှု ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ နန်ချွန် (တောင်) ကျေးရွာဆည်မြောင်းရုံးရှိ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါဌာန၏ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

 ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁)နာရီက ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ လူနာများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကွင်းဆင်းဆေးကုသ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

ဖြူးမြို့နယ်​ဒေသ အတွင်းအိမ်အသုံးအဆောင် ဝါးထရံယက်လုပ်သည့် လုပ်ငန်းများမှာ စျေးကွက်ဝင် တွင်ကျယ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အိမ်အသုံးအဆောင် ဝါးထရံယက်လုပ် ရောင်းချပေးသည့်လုပ်ငန်းမှာ စျေးကွက်ဝင် တွင်ကျယ်စွာရောင်းချနေလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး