ပဲခူးတိုင်းဒေသကြီး

ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်ရှိ သုတရသစာအုပ်များ စနစ်တကျစာရင်း ရေးသွင်းပြုစုနိုင်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ သုတရတနာ စာကြည့်တိုက်တွင် အသုံးပြုသွားမည့် သုတရသ စာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်းပြုစုနိုင်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာရှိ စာဖတ်ဝါသနာရှင် လူငယ်လူရွယ်များအား အသိပညာပေးဆောင်ရွက်ခြင်းကို ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က (၃) မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်​ငွေများပေးအပ်

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေးအပ်သော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများအား ယနေ့နံနက်(၉) နာရီအချိန်ကစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝေါမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။

သဲကုန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်ခန်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများလိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးဆိုင်ခန်းများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်း ရှိ/ မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက အုန်းနှဲကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာများရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။

လက်ပံတန်း၌ သီးနှံများ အဓိကပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဂွေးတောက်ကွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ သဘာဝမြေသြဇာပိုက်ဆံလျှော်ပင်များ စိုက်ပျိုးနိုင်စေရေး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တောင်သူများ၏ စိုက်ပျိုးမြေပြုပြင်ရေးအတွက် သဘာဝမြေသြဇာပင်များ စိုက်ပျိုးနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ မျိုးသန့်ခြံ၌ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး