ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ အခြေခံပညာကျောင်း ၉၁ ကျောင်းရှိ KG တန်း ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၉၁ ကျောင်းတွင် ပညာသင်ယူလျက်ရှိသော KG ကျောင်းသား၊ ကျောင်းသူ ၁၂၉၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လက်ပံတန်းမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့  မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနက မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။

တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များအသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းခွဲသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

ရေတာရှည်မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ်အတွင်းရှိ Rain KTV နှင့် အမေ့ရင်ခွင် KTV တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြုမှုများကို ပြုလုပ်ခဲ့သည်။

ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ​ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းမှာ ရောင်းအားကောင်း၍ တစ်ခုတည်းသော မိသားစုဝင်​​ငွေအတွက် အဆင်ပြေကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး