တောင်ငူမြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

တောင်ငူ ဇွန်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ် ၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် လူအများစုဝေးနေရာများဖြစ်သော ရုံး၊ စျေး၊ ကားဂိတ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦများ၊ ဘိုးဘွားရိပ်သာ၊ စက်ရုံ/ အလုပ်ရုံ၊ ဆေးရုံ/ ဆေးခန်းများ စသည့်နေရာများသို့ သွားလာရာ၌ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို