ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်မြို့နယ်၌ မတ်ပဲများ ရိတ်သိမ်းပြီးစီး တစ်ဧက ၁၄တင်းမှ ၁၈ တင်းခန့် ပျှမ်းမျှထွက်ရှိ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီစိုက်ပျိုးသီးနှံမတ်ပဲကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၌ ၄၂၀၇၈ ဧက စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ယခုအခါတောင်သူများသည် မတ်ပဲများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ ရိတ်သိမ်း​ခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရသည်။

သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (သိပ္ပံစာနှင့်ပထဝီစာ)ဘာသာရပ်များအား ယနေ့နံနက်(၉) နာရီအချိန်တွင် သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade  5 နှင့် Grade -9 ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။      

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်စေရေးရန်၊ စိတ်ကူးစိတ်သန်းကောင်းမွန်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade -5 နှင့် Grade -9) အတန်းနှစ်ဆုံး ခရိုင်စစ်/တိုင်းစစ်စာမေးပွဲ သိပ္ပံဘာသာဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade -5) နှင့် (Grade -9) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ယနေ့ နံနက် ၉ နာရီတွင် သိပ္ပံဘာသာရပ်ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ်အတွင်းရှိ KTV ဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ KTV ဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး/အကြံပေးခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ပြည်သစ်ထုတ်လုပ်ရေးဒေသ မြန်မာ့သစ်လုပ်ငန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်

ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပြည်သစ်ထုတ်လုပ်ရေးဒေသ၊ မြန်မာ့သစ်လုပ်ငန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ Big catch up နည်းလမ်းဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် Big catch up ဒုတိယအကြိမ်မြောက် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

မိုးညိုမြို့နယ်၌ Biometric အချက်အလက်ကောက်ယူခြင်း ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေး အချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ညောင်ဝိုင်း‌ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာဈေးတွင် စစ်ဆေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာဈေးတွင် ကြိုတင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းမမြို့၊ သီရိရတနာရပ်ကွက်၊ လင်းရောင်ခြည် စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး