၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade -5 နှင့် Grade -9) အတန်းနှစ်ဆုံး ခရိုင်စစ်/တိုင်းစစ်စာမေးပွဲ သိပ္ပံဘာသာဆက်လက်ဖြေဆို

ကျောက်တံခါး မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade -5) နှင့် (Grade -9) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ယနေ့ နံနက် ၉ နာရီတွင် သိပ္ပံဘာသာရပ်ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စစ်ဆေးခြင်းကို (Grade -5) ကျောင်းသား/ကျောင်းသူ (၄၄၀၄) ဦးနှင့် (Grade -9) အတန်းကျောင်းသား/သူ (၂၇၅၄) ဦး စုစုပေါင်း (၇၁၅၈) ဦးက တစ်ရက်တစ်ဘာသာဖြင့် ဖြေဆိုလျက်ရှိသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကို မတ်လ (၃) ရက်န့မှ မတ်လ (၈) နေ့ထိ ဖြေဆိုမည်ဖြစ် ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာအောင် မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများက ကျောင်းသား/ သူများ၏ လုံခြုံရေးအား ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)