သဲကုန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်စေရေးရန်၊ စိတ်ကူးစိတ်သန်းကောင်းမွန်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်သား/ကျောင်းသူမ လူငယ်များအနေဖြင့် လူတော်လူကောင်းများ၊ စာရိတ္တကောင်းမွန်ပြီး အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်း၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးရဲအောင်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစာင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)