ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ်၌ အခြေခံစစ်ပညာ (ပစ်ခတ်စဉ်မပါ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ဘွေအုပ်စု၊ ခြေလျင်တပ်ရင်း အမှတ်(၉၂) ဝန်းအတွင်းရှိ နဝဒေးခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က အခြေခံစစ်ပညာ (ပစ်ခတ်စဉ်မပါ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

ပြည်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ-ထ-က (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့သည်။

ပြည်မြို့ ဧရာဝတီမြစ်ကမ်းဘေး၌ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို လှုပ်ရှားမှုအဖြစ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး၌ စုပေါင်းအမှိုက်ကောက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်မြို့နယ် စည်ပင်သာရေးအဖွဲ့နှင့် ပြည်မြို့ ရက်ရာဇာအမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့တို့ပါဝင်သည့် စုပေါင်းအင်အား ၆၃ ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက် စတင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကျွန်တန်းရိုးကျေးရွာ ကွင်းအမှတ် (၄၄၀) ရှိ တောင်သူ ဦးဝင်းကြည်အပါ တောင်သူ (၃)ဦးတို့၏  မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်‌ချေးပေးခြင်းကို မေလ ၂၇ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အထက (ကြို့ပင်ကောက်) ရွှေညီလာခန်းမတွင် ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ထက် ပြည့်မီကျော်လွန်ရေး ကြိုးစားစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိသည်။

သာယာဝတီမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(၁)သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး