ပေါင်းတည်၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။