မင်းလှမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

မင်းလှ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအ မှတ်အခမ်းအနားကိုအောက်တိုဘာ ၅ ရက်နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦး‌လှဌေးက ဖတ်ကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်ဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချိုက ဖတ်ကြားသည်။

ထို့နောက်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက်(၇၅)နှစ်နှင့်အထက် ဆရာကြီး/ ဆရာမကြီး (၉၇) ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းစီဖြင့် စုစုပေါင်း (၂၉၁၀၀၀ဝ) ကျပ်ကို ပူဇော်ကန်တော့ခဲ့၍ ကန်တော့ခံဆရာကြီးဦးညိုကြီးက ဩဝါဒဆုံးမစကားများ ပြောကြား ပေးခဲ့ကြောင်း၊ မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)