ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုတို့၌ အလှည့်ကျ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောထွန်းဖြူနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား/ကျောင်းများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Smart Cardများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင် (၂၇)ရက် နံနက် (၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၅၈၇)ဦးတွင် (၂၅၃)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၁၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

ပြည်မြို့နယ်ရှိ စာစစ်ဌာန (၅) ခု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း ၁၅၆၈ ဦးအနက် ၅၃၉ ဦး အောင်မြင်ခဲ့၍ အောင်မြင်မှုရာခိုင်နှုန်း ၃၄ဒသမ ၃၈ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး မြေနိမ့်ပိုင်းရှိပြည်သူများအား ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ နံနက်(၁၀)နာရီတွင် အဆိုပါနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ထန်းတပင်မြို့နယ်၌ အနိမ့်ပိုင်းရပ်ကွက်များအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် သောက်ရေခပ်ဆည်ရေပိုလွှဲမှ ရေပို့လွှတ်မှုများကြောင့် စစ်တောင်းမြစ်ရေသည် တောင်ငူစခန်းတိုင်းတာချက်အရ ယမန်နေ့တွင် ၆၂၅ စင်တီမီတာရှိပြီး လက်ရှိအခြေအနေတွင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သီရိရတနာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် အိမ်ခြေ (၉) လုံး အိမ်ထောင်စု (၉ )စု ၊ ဆိပ်ကြီးရပ်ကွက်တွင် အိမ်ခြေ (၁၄) လုံး အိမ်ထောင်စု (၁၄) စုသို့ ရေများဝင်ရောက်လျက်ရှိပြီး ဌာနဆိုင်ရာရုံးများ ခြံဝန်းအတွင်း၌လည်း ရေများစတင်ဝင်ရောက်လျက်ရှိသည်။

ဖြူးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို အထက-၁(ဖြူး)၊ အထက-၁(ကညွတ်ကွင်း)၊ အထက- ၂(ဇေယျဝတီ) စာစစ်ဌာနများတွင် ဇူလိုင် ၂၈ ရက် နံနက်(၆)နာရီ အချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်း (၅၃.၂၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အုတ်တွင်းမြို့နယ်စာစစ်ဌာန(၆)ခု၌ ဖြေဆိုအောင်မြင်သည့် စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး