ဖြူး စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အရ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများ ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ငွေသားကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီချိန်က ဖြူးသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီပေးအပ်ရာတွင် ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် အိမ်ထောင်စု (၆၀)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁)စုချင်းစီအလိုက် အိမ်ထောင်ဦးစီးများလက်ဝယ်အရောက် တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)