ပဲခူးတိုင်းဒေသကြီး

လက်ပံတန်း၌ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ သရုပ်ပြမဲပေးခြင်းအသိပညာပေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက် တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ   ၁၁  ရက်နေ့ နံနက်  ၉ နာရီက မအူကုန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ မြို့မဈေးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊‌ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူ မဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်(၉)နာရီအက မြို့မဈေးတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ ၁၇၇၂ ဧက ရိတ်သိမ်းပြီး ၁၂၇၀၈၈ တင်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၁၇၇၂ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၁၂၇၀၈၈ တင်း ထွက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ဃ)ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြု

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု(ဃ)ပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ မြို့မဈေးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်းရှိ  ဈေးရောင်း/ ဈေးဝယ်သူ မဲဆန္ဒရှင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက မြို့မဈေးထိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ (၆၅) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၆၅) ကြိမ်မြောက် သံဃာ့ဂိုဏ်းပေါင်းစုံမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူနေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာတွင် အောက်တိုဘာလ ၇ ရက်နေ့ ညနေ (၆)နာရီက လူနေအိမ်လူနေအိမ်(၂) လုံး မီးလောင်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ပေါင်းတည်၌ ဌာနဆိုင်ရာများနှင့် ဘုံကထိန်သင်္ကန်းများ စုပေါင်းဆက်ကပ်လှူဒါန်းမည်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ပန်းတောင်းမြို့နယ်၌ မဲပေးခြင်းအသိပညာပေး ပိုစတာများစိုက်ထူ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပုံမဲပေးနည်း အသိပညာပေးပိုစတာများကို အောက်တိုဘာ  ၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူစည်ကားရာလမ်းဆုံလမ်းဂွများ ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး