ကြို့ပင်ကောက် အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဂုမ္မကွင်းကျေးရွာအုပ်စု ဂုမ္မကွင်းကျေရွာမှ သမဝါယမအသင်းသား တောင်သူ ဦးဝင်း၏ ဆာဖိုးသာ မိုးစပါး ၁၀ ဧက ရိတ်သိမ်း ခြွေလှေ့မှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အောက်တို ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းကကွင်းဆင်း၍ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဂုမ္မကွင်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းတွင် အသင်းသား တောင်သူ ၄၁ ဦးမှ လယ် ၂၀၆ ဧကတွင် ဆာဖိုးသာစပါးမျိုးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းခွဲနှင့် ညီမျှသော စိုက်ပျိုးရေးသွင်းအားစုများဖြင့် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးထားကြာင်း တစ်ဧကလျှင် စပါးအစို ၁၁၀ တင်းထွက်ရှိ၍ ယခင်နှစ်က အထွက်နှုန်းထက်ပိုမိုထွက်ရှိကြောင်း သမဝါယမအသင်းသားတောင်သူ ဦးဝင်းက ပြောသည်။
ကြို့ပင်ကောက်မြို့တွင်ကျေးရွာ စိုက်ပျိုးရေးသမဝါယမအသင်း မိုးစပါးစိုက်သည့် အသင်း ၇ သင်းတွင် တောင်သူ ၂၃၁ ဦးမှ လယ်ဧက ၁၂၀၀ တွင် ဆာဖိုးသာနှင့် အောင်နိုင်တိုးစပါးမျိုးများ စိုက်ပျိုးထားကြောင်း သမဝါယမကဏ္ဍမှ ပန်းတိုင်စပါးအထွက်နှုန်း တိုးတက်လားစေဖို့အတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးထားကြာင်း မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးသန်းဌေးထံမှ သိရသည်။
ဇေယျာထွန်း(ပြန်/ဆက်)