ပဲခူးတိုင်းဒေသကြီး

ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ စစ်ဘိုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ခုနှစ်၊ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄)နာရီက ပြည်မြို့ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ကဝမြို့နယ် အ.ထ.က (မကျက်ကြီး)ကျောင်း၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်(၁၀)နာရီက အ.ထ.က (မကျက်ကြီး) ကျောင်း၌ ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာဗဟုသုတတိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ရင်းတိုက်စမ်းအ.မ.က(မူလွန်) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

၂၀၂၅ခုနှစ်၊ အောက်တိုဘာ(၁)ရက်တွင်ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးခိုင် ဦးဆောင်မှုဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာများသို့ ငှက်ဖျားရောဂါအသိပညာပေးခြင်းနှင့် ဆေးကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေး ကပ်ရောဂါအသွင်မဖြစ်ပွားစေရေး၊ ငှက်ဖျားပိုးသယ်ဆောင်သော ခြင်ကိုက်ရာမှတစ်ဆင့် လူလူချင်းကူးစက်မှုမရှိစေရေးတို့အတွက် ယမန်နေ့မွန်းလွဲပိုင်းတွင် လှည်းပွဲလေးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်၌ သားဆက်ခြားနည်းလမ်းများအကြောင်း ရှင်းလင်းခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် သားဆက်ခြားနည်းလမ်းများအကြောင်း သိကောင်းစရာများကို စက်တင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ရေသျှံကြီးကျေးရွာအုပ်စု၊ ရေလျှံကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာနေ သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်နှင့်တွေ့ဆုံကာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းအား စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အမက(ကျွဲနစ်)နှင့် အ.လ.က (ကျွန်းကလေး)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နေ့လယ်  ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး