ပဲခူးတိုင်းဒေသကြီး

(၂၀၂၅)ခုနှစ်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ခရိုင်အတွင်းဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်ကာ (၂၀၂၅)ခုနှစ် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် ​အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တောင်ငူခရိုင် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ အုပ်စုပွဲစဥ်များ၊ အကြိုဗိုလ်လုပွဲစဥ်များ ယှဥ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားသည်။

ပေါင်းတည်၌ တစ်နိုင်တစ်ပိုင်သီးပင်စားပင်များစိုက်ပျိုး‌ ရောင်းချ၍ မိသားစုဝင်ငွေတိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးရွာများတွင် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းများအပြင် နေအိမ်ခြံဝင်း မြေလွတ်များတွင်လည်း သံပုရာပင်၊ ရှောက်ပင်၊ ကြောင်လျှာပင်၊‌ ဂွေးတောက်ပင်၊ သ‌င်္ဘောပင်၊ ငှက်ပျောပင်၊ ဩဇာပင်နှင့်ဆူးပုတ်ပင်များစိုက်ပျိုး ထားရှိကြကာ ယင်းသီးပင်စားပင်များမှ ထွက်ရှိ‌သည့်အသီးအရွက်များကို ရောင်းချ၍ မိသားစုအပိုဝင်‌ငွေများရရှိလျက်ရှိကြောင်းသိရသည်။

နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ခုနှစ်၊ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ​(၈) နာရီက နတ်တလင်းမြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏နေအိမ်၌ ယမန်နေ့မွန်းလွဲပိုင်းက မဲဆန္ဒရှင်များအား မြန်မာအီလက် ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ လှေခွဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လှေခွဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက လှေခွဲချောင်းတံတားအနီး၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စု (၅၅၉) စုအတွက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီအသင်းနှင့်မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ သဘာဝဘေးရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် ရာဂီရေဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်  ၉ နာရီက သီရိရတနာရပ်ကွက် မဟာဝိသုတရာမ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်  မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ တဆင့် လှူဒါန်းပေးခဲ့သည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆) မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်အ.လ.က (ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာရှိ အခြေခံသမဝါယမ အသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှုကို စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး