သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ

သဲကုန်း နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေ းကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့ကစ၍ ရပ်ကွက်/ ကျေးရွာအုပ်စုကော် မရှင်အဖွဲ့ခွဲရုံးများတွင် (ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိသည်။

အဆိုပါ  မဲစာရင်းကပ်ထားကြေညာရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာအသက် (၁၈) နှစ်ပြည့်ပြီး  မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ (၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက် အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် လျှောက်ထားနိုင်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွရုံးမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါမဲစာရင်းများကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့ထိ  ကပ်ထားကြေညာမည်ဖြစ် ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)