ဖြူးမြို့နယ်၌ သက်နုမိုးစိုက်ကြံပျိုးခင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြံစိုက် တောင်သူများအား ပညာပေးဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးမှု ဧကပြည့်မီပြီး ကြံတန်ချိန်အထွက်နှုန်း ကောင်းရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ညောင်ပင်သာ)တွင် ယနေ့မွန်းလွဲပိုင်းက ကြံစိုက် တောင်သူများအား သက်နုမိုးစိုက်ကြံပျိုးခင်းဆောင်ရွက်ခြင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။