ရေတာရှည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်းကို ယမန်နေ့ နံနက်(၁၀)နာရီက သာဂရကျေးရွာအုပ်စုဝဲ ဒေါင့်ကျေးရွာနှင့် ဂုံမင်းကွင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်းအသုံးပြုပုံ၊ အသုံးပြုနည်းများအား ဆက်လက်ရှင်းလင်းပြသသည်။
အဆိုပါ လက်တွေ့သရုပ်ပြပွဲတွင် တက်ရောက်လာသူများက လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြပြီး ပြည်သူများ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)