ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုန်ညှင်းစေ့သီးနှံများစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော နှမ်းသီးနှံ ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။