ဟင်္သာတမြို့နယ်တွင် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။