ဧရာဝတီတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒီဇင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရန် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

သာပေါင်းမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၇ ရက်နေ့က စတင်၍ မြို့နယ်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကျုံမငေးမြို့ရှိ ပြည်သူများအား ကွင်းဆင်းကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။

ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်အိတ်များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်အိတ်များပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများရှိ ယာယီ‌နေရပ်စွန့်ခွာသူများအား ငရုတ်ကောင်းမြို့၊ အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်အိတ်များ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ၊တင်းချောင်းကျေးရွာအုပ်စုတွင် ,အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်အိတ်များပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁၁ နာရီက တင်းချောင်းကျေးရွာအုပ်စု၊ ဆင်မှုံသစ်တောကြိုးဝိုင်းဆင်စခန်းရှိ ယာယီ‌နေရပ်စွန့်ခွာသူများအား တင်းချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး