လပွတ္တာမြို့တွင် မှိုစိုက်ပျိုးခြင်းနှင့်မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချ စိုက်ပျိုးကွင်းသရုပ်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်း၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချစိုက် ပျိုးကွင်း သရုပ်ပြခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းကမြွေဟောက် ကျေးရွာအုပ်စုရှိတောင်သူ ဦးမန်းဖြူ လယ်မြေ၌ကျင်းပခဲ့သည်။