ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြံခင်းမြို့နယ်အတွင်းရှိ တောင်သူများအား နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသော နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲသို့ တက်ရောက်သည်။