ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြား

 ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၁၃)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ဒီပလိုမာ ပထမနှစ် သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဖျာပုံမြို့ အ-ထ-က (၃)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ​ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ-ထ-က (၃) ကျောင်း၊ မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စတုတ္ထအကြိမ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်း မာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထအကြိမ်)အာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင်အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် မြို့မရပ်ကွက်နှင့် သမ္မရာအင်း ကျေးရွာတို့တွင် ဆောင်းနေကြာစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် သမ္မရာအင်းကျေးရွာ တို့၌ ယနေ့နံနက်ပိုင်းက  ကိုင်းမြေ(မြေနုကျွန်း)နှင့် လယ်မြေတို့တွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဒေသအတွင်း ဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ဆောင်းနေကြာ Supersun 41 များကို စုပေါင်းစိုက်ပျိုး လျက်ရှိကြသည်။

ဖျာပုံမြို့နယ်ရှမ်းကွင်းကျေးရွာမိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု ၊ ရှမ်းကွင်း ကျေးရွာ တောင်သူ ဦးနေမျိုးဝင်း ကွင်းအမှတ် ၄၅၇ A ၊ ဦးပိုင်အမှတ် ၂၆ / ၇ ၊ လယ်မြေ(၃) ဧက တွင် ပေါ်ဆန်းရင် (ဘေးကြားတောင်ပျံ) စပါးမျိုးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉  နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့မ(၁)မိုင်ရှမ်းစုကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ ပဲပုပ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး