ဧရာဝတီတိုင်းဒေသကြီး

ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းမှ ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကျင်းပ

ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော “ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ရှောင်ရှားကြရမည့်အချက်များ၊ကျောင်းသားလူငယ်များ  သိရှိလိုက်နာသင့်သည့် အချက်များကို  သိရှိနိုင်စေရန်အတွက်  လူငယ်စကားဝိုင်းကို  ဇွန်လ(၂၆)ရက်၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က   ဒိုင်းပြကျေးရွာ    အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမဆောင်၌ပြုလုပ်ကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ပြင်ဆင်ထုတ်ပေးသည့် လယ်ယာမြေလုပ်ပိုင်ခွင်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် လယ်ယာမြေဥပဒေနှင့်အညီ ရောင်း/ပေါင်/လဲ/ငှား/ပေးဆောင်ရွက်ခဲ့သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပြင်ဆင်ထုတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်တုန်းမြို့၊ မြေနု အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြေနု အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့၌ လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအား ကြိုတင်သတိထားရှောင်ရှားနိုင်စေရေးရည်ရွယ်၍ လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းအား ယမန်နေ့နံနက် (၁၀)နာရီက‌အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပံတပွတ်ချောင်း သဘာဝရေပြင်အတွင်းသို့ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှကြီးမှူး၍ ပံတပွတ်ချောင်း သဘာရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားအား ယမန်နေ့နံနက်ပိုင်း ကကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀နာရီ က ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာအုပ်စု ၊ ကွင်းအမှတ်(၁၃၀၃-က)ဦးပိုင်အမှတ်(၆၂/၂) တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၂)ဧကတွင် လက်တွေ့သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မပြုလုပ်ရသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ "မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး" ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇွန်လ ၂၅ ရက်၊ နံနက် ၉ နာရီက ဥယျာဉ်မြောက်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း  ဟင်္သာခန်းမတွင်  ကျင်းပခဲ့သည်။ ရှေးဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့ စကားဝိုင်းကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဥ်ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဥ်ဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ ပေးအပ်ပွဲကို ယမန်နေ့နံ့နက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး