ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ​ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)၌ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရှိ သမဝါယမအသင်းပိုင်ကိုင်းမြေများတွင် ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ပျိုးအောင်မြင်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုနှင့် သောကြာဒူးအုပ်စုတို့တွင် သမဝါယမအသင်းပိုင် ကိုင်းမြေများပေါ်၌ ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကြံခင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို နိုဝင်ဘာ ၅ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်း‌ဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး လမ်းပန်း‌ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော ဟင်္သာတခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၉၆)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၃၅၂၅)ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာန တို့ပူးပေါင်း၍ မြို့နယ်အတွင်းအခြေခံပညာကျောင်း(၁၉၆)ကျောင်းမှ KG ကလေးများအား ကျောင်းတွင်းအာဟာရကျွေးခြင်းများကို အခြေခံပညာကျောင်းများ၌ယနေ့ နံနက် ၁၀ နာရီခွဲက စတင်ဆောင်ရွက်သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဟင်္သာတခရိုင် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် ဇလွန်မြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု Installation သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ-ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မအူပင်မြို့နယ်သမဝါယမအသင်းပိုင် လယ်မြေရှိသော အသင်းဒါရိုက်တာအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့များ၊ အသင်းပိုင်လယ်ယာမြေရှိသော သမဝါယမအသင်း(၂)သင်း၊ အသင်းပိုင်ကိုင်းမြေရှိသော သမဝါယမအသင်း(၂)သင်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး