ဧရာဝတီတိုင်းဒေသကြီး

ဝါးခယ်မမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု (၃၈.၅၁%) အောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို စာစစ်ဌာန (၁၅) ကျောင်းများတွင် ယနေ့နံနက် (၆) နာရီအချိန်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းများ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု အောင်စာရင်းများကို ယနေ့နံနက်( ၆)  နာရီက သက်ဆိုင်ရာ စာစစ်ဌာနများတွင် အောင်စာရင်းများ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာမှုများအား စုစည်းဖော်ပြအပ်ပါသည် -

ကြံခင်းမြို့၌ ၂၀၂၆- ၂၀၂၇ ခုနှစ်၊ RS-CS မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ RS to CS မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တောင်သူ ဦးမျိုးသန်း လယ်မြေ ၈ ဧကတွင် ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြသည်။

မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကာလအတွင်း မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များရှိ စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်း‌ဆောင်ရွက်ချက်များအား ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် ဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

၂၀၂၆-၂၀၂၇ ခုနှစ်၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းပွဲ ကျင်းပပြုလုပ်သည်။

တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကျင်းပ

တတိယအကြိမ်ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပုသိမ်မြို့၌(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

(၃၉)ကြိမ်မြောက်အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲကျင်းပ

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားတိုင်းဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိရေးတို့ကို အကောင် အထည်ဖော်ရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို ဇွန်လ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ဇွန်လ ၂၆ ရက် ညနေ ၃ နာရီအချိန်က သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းမှ ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကျင်းပ

ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော “ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ရွှေနော်သီရီခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး