ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခြင်းနှင့် ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်တို့သည် ယမန်နေ့နံနက်ပိုင်းကစတင်၍ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၌ ကော်ဖီပျိုးပင်များပေးအပ်ပြီး ကော်ဖီပျိုးပင်များ စိုက်ပျိုး၊ ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေးကာ ပြည်အေးခန်းမတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ပဲပုတ်၊နေကြာ) မျိုးစေ့ပေးအပ်ပြီး ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။