ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Ayeyawady FC အမျိုးသမီးအသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်အား တက်ရောက်ကြည့်ရှုအားပေး

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FC အသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်ကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားရုံတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

လပွတ္တာမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) ဖွင့်လှစ်

အစိုးရသစ် ရက်(၁၀၀)စီမံချက်အရ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် လပွတ္တာခရိုင်ဥပဒေရုံးတို့၏ ကြီးကြပ်မှုဖြင့်လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ မြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​ရွေးနဒီခန်းမ၌ ဇူလိုင်လ ၂ ရက်၊ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၁) ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် အ-လ-က (ပေပင်စု)တွင် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ၊ အ-လ-က(ပေပင်စု) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

မအူပင်မြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT)ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ညောင်တုန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဝါးတောစွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၁)၊ ဦးပိုင်အမှတ် (၅၅/၂)ရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်မြေ (၂)ဧက မိုးစပါးစိုက်ကွက်၌ ကျင်းပသည်။

ကျုံပျော်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို  ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။

ဖျာပုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်း(TOT)ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ လမ်းညွှန်ချက်၊ ဖျာပုံခရိုင်ဥပဒေအရာရှိ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သောရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲကို ဇူလိုင်လ(၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်ကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “တန်ဖိုးထားအပ်သော အရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club, Women Club, Youth Club အဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားသော “တန်ဖိုးထားအပ်သော အရာများ” စတုတ္ထအကြိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး