ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး/ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး/ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရေတွင်းကုန်းကျေးရွာ/အုပ်စု၊ ပြည်လုံးချမ်းသာစေတီတော် မြတ်ကြီးဝန်းအတွင်းတန်ဆောင်း၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၂၀၂၅-၂၀၂၆ ဆောင်းနေကြာစိုက်ပျိုးပွဲအခမ်းသို့ တက်ရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာသို့ရောက်ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြိုဆိုခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းသီနှံဆီထွက်(နေကြာနှင့်ပဲပုပ်) မျိုးစေ့ပေးအပ်ပွဲအခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါး(၂၅၂၁၂၀) စိုက်ပျိုးထားရှိရာ ယနေ့ နံနက်ပိုင်းက မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း၏ ကွင်းအမှတ်(၁၁၈၅-ခ)၊ ဦးပိုင်အမှတ် (၁၆/၁) လယ်မြေ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်သည်။

မြန်အောင်မြို့နယ်၌  တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ၊အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌  နိုဝင်ဘာ ၁၇ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယမန်နေ့အထိ (၃၃၆) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  မြန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၁ ရက်က  မြန်အောင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြု အဖွဲ့များနှင့် ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်အတွက် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။

မြန်အောင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျုံဒူးမြောက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ကျုံဒူးမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် (၅၅) ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊  ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု  လက်ပံကုန်းကျေးရွာတွင် (၅၅)ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ရာ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားပူဇော်ပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးပတောသက္ကယ်ကျွန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးပတောသက္ကယ်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး