အိမ်မဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးတာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမည်စာရင်းများ မှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှ စတင်ကာကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။